လေးစား အပ်သော အင်ဒီယားနား ပြည်နယ် ရှိ မိတ်ဆွေများ ခင်ဗျား။
ချင်းစင်တာ အကြောင်း အနည်းငယ် မိတ်ဆက်လိုပါ တယ်။ ချင်းစင်တာ ရုံး မှာ အချိန်ပြည့် ဝန်ထမ်း (၂) ဦး ဖြင့် တင်္နလာ ကနေ သောကြာနေ့အထိ ဝန်ဆောင်မှူ အမျိုးမျိုး ကိုပေးနေလျက် ရှိပါတယ်။
အလုပ်ကိုင် ရှာဖွေပေးခြင်း၊ အလုပ်ကိုင် ရသည်အထိ ကူညီပေးခြင်း၊ လိုအပ်သည့် စာများကို ဘာသာပြန်ပေး ခြင်း ၊ ဖုန်းခေါ်ဆိုပေးခြင်း ၊ နိုင်ငံသားလျောက် လွှာအတွက် ကူညီပေးခြင်း၊ ကရိန်းကတ်လျောက်ပေးခြင်း ၊ အမှူအခင်းဆိုင်ရာများ အတွက် သက်ဆိုင်ရာသို့ ဆက်သွယ်ပေးခြင်း စသည်များ နှင့် နေ့စဓူဝ လူမူရေးရာ ကိစအသီးသီးများကို ကူညီဆောင်ရွက် ပေးခြင်းများကို အမြဲဆောင်ရွက်ပေး လျက် ရှိပါတယ်။
ထို့အပြင် မှူခင်း နှင့် ယဉ်မောင်း ခြင်းဆိုင်ရာ ပညာပေးသင် တန်းများ၊ အစည်းဝေးများ နှင့် နှီးနှောဖလယ်ပွဲများ ကိုလည်း အခါအားလျော်စွာ ပြုလုပ်လေ့ရှိပါတယ်။ အင်္ဂလိပ်စာ သင်တန်းများ ကိုလည်း ပို့ချပေးနေပါတယ်။
နေ့စဉ် ချင်းစင်တာ မှာ လူဦးရေ ၂၀ မှ ၅၀ ပျန်းမျှ ကူညီပေးလျက်ရှိပါတယ်။ ချင်းစင်တာ ဆိုသော်လည်း လူမျိုး ဘာသာမရွေး အသင်းတော် ဂိုဏ်းကဏ မခွဲခြားပဲ ဝန်ဆောင်မူများ ကိုပေးနေခြင်း ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် အတွင်း လူဦးရေပေါင်း ၁၉၀၀ ကျော်ကို အမျိုးမျိုးသော ဝန်ဆောင်မှု အကူညီများကို ချင်းစင်တာမှ ပေးခဲ့ပြီး ဖြစ်ပါတယ်။
သင့်အနီးနား ပတ်ဝန်းကျင်မှာ အကူညီလိုသော သူများ ရှိခဲ့ရင် ချင်းစင်တာသို့ ဆက်သွယ်ပါ။
လေးစားစွာဖြင့်
ဆလိုင်း ဗျက်လျန်ဆန်း
အတွင်းရေးမူး
ချင်းကွန်မြူနီတီ ၊ အင်ဒီယားနား

